top of page

ကော်ဖီစေ့တန် ၂၀ ကျော်ကို ပြင်သစ်သို့ထပ်မံတင်ပို့

Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ စက်တင်ဘာလ စက်တငိဘာလ၂၁ ရက်နေ့က ကော်ဖီစေ့တန်ချိန် ၂၀ ဒသမ ၁ တန်ကို ပြင်သစ်နိုင်ငံသို့ ဒုတိယအကြိမ် ထပ်မံတင်ပို့လိုက်ကြောင်း ယင်းသမဝါယမအသင်းထံမှ သိရသည်။


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်းရှိ သမဝါယမအသင်းသားများ စိုက်ပျိုးထားသော ကော်ဖီစေ့များကို တောင်ကြီးမြို့၊ TBC စီးပွားရေးဇုန်ရှိ Green Gold သမဝါယမအသင်းဂိုဒေါင်မှ ကိုယ်တိုင်ကြိတ်ခွဲထုတ်လုပ်ခြင်း၊ အရည်အသွေးဆန်းစစ်ခြင်းများ ပြုလုပ်၍ အရည်အသွေးပြည့်မီသည့်ကော်ဖီစေ့များကို ပြည်ပနိုင်ငံများသို့ တင်ပို့ပေးနေခြင်းဖြစ်သည်။


Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ ၂၀၂၀ ပြည့်နှစ်အတွင်း ကော်ဖီစေ့ တန်ချိန် ၉၆ တန်တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်အထိ ကော်ဖီစေ့တန်ချိန် ၃၉ ဒသမ ၃ တန်ကို ပို့ဆောင်ပြီးဖြစ်ကြောင်းသိရသည်။


ထို့ပြင် ပထမအကြိမ်အဖြစ် စက်တင်ဘာလ ၇ ရက်နေ့ က ပြင်သစ်နိုင်ငံသို့ ကော်ဖီစေ့တန်ချိန် ၁၉ ဒသမ ၂ တန်ကို တင်ပို့ခဲ့ခြင်းဖြစ်သည်။


ဆက်လက်ဖတ်ရှုရန် The Voice Daily

9 views0 comments

Recent Posts

See All

The Urad (FAQ) price has reached over MMK1.3 million per ton while there is a low supply at farmers and wholesales. Despite the price hike, there are only a few activities in the market, according to

bottom of page