top of page

ချောက်တွင် နှမ်းနှင့်မြေပဲစိုက်ဧက တစ်သောင်းသုံးထောင်ခန့်ပျက်စီး

Source: The Voice

13-Sep-2020

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသဖြစ်သည့် မကွေးတိုင်း ချောက်မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် မိုးခေါင်ခဲ့သဖြင့် နှမ်းနှင့်မြေပဲစိုက်ဧက တစ်သောင်းသုံးထောင်ကျော် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ချောက်မြို့နယ်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။


ယခုနှစ် မိုးရာသီကာလ မိုးဦးကျချိန်တွင် မိုးရွာသွန်းချိန် နောက်ကျခဲ့သဖြင့် မိုးရာသီစိုက်သီးနှံဧကများမှ နှမ်းစိုက်ပျိုးဧက ၁၂၀၅၀ ၊ မြေပဲစိုက်ဧက ၂၆၄ နှင့် ပဲတီစိမ်းစိုက်ဧက ၆၈၄ ထိခိုက်ပျက်စီးသည်ဟု ချောက်မြို့နယ်မြေစာရင်းဦးစီးဌာန ဒုဦးစီးမှူး ဦးမြတ်ထွန်းအောင်က ပြောဆိုသည်။


မြေပဲစိုက်တစ်ဧကလျှင် တစ်တင်းခွဲမှနှစ်တင်းအထိပျိုးကြဲရပြီး မျိုး‌မြေပဲတစ်တင်းလျှင် ကျပ်ခြောက်သောင်းခွဲခန့်ဖြင့်ဝယ်ယူရသည့်အတွက် တစ်ဧကစိုက်ပျိုးစရိတ်မှာ ကျပ်တစ်သိန်းသုံးသောင်းခန့်ကုန်ကျသည်ဟု ဒေသခံတောင်သူများထံမှ သိရသည်။


Source: The Voice


21 views0 comments

Recent Posts

See All

The Urad (FAQ) price has reached over MMK1.3 million per ton while there is a low supply at farmers and wholesales. Despite the price hike, there are only a few activities in the market, according to

bottom of page