စင်ကာပူ အွန်လိုင်းကော်ဖီ လေလံပွဲအတွက် မြန်မာ့ကော်ဖီများ မိတ်ဆက်ပြသ
စင်ကာပူကော်ဖီ အစည်းအရုံးက ပြုလုပ်မယ့် ပထမဆုံး အွန်လိုင်းပြပွဲဖြစ်တဲ့ ၂၀၂၀ စင်ကာပူ အွန်လိုင်း ကော်ဖီ လေလံပွဲအတွက် မြန်မာ့ကော်ဖီတွေ မိတ်ဆက်ပြသနေတယ်လို့ သိရပါတယ်။
အဆိုပါ ကော်ဖီပြပွဲအတွက် မြန်မာနိုင်ငံအပြင် ဘရာဇီး၊ ကိုလံဘီယာ၊ အင်ဒိုနီးရှား၊ ကင်ညာ စတဲ့ နိုင်ငံတွေက ကော်ဖီတွေကို မိတ်ဆက်ပြသနေတာ ဖြစ်ပါတယ်။
မြန်မာ့ကော်ဖီ အနေနဲ့ ပြင်ဦးလွင်၊ ရွာငံနဲ့ မိုးကုတ်ဒေသထွက် ကော်ဖီတွေကို ဝင်ရောက်ပြသနေတာ ဖြစ်တယ် လို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ယခုပြပွဲမှာ COVID-19 ရောဂါကြောင့် ပထမဆုံး ပြုလုပ်တဲ့ အွန်လိုင်းကော်ဖီပြပွဲ တစ်ခုဖြစ်ပြီး၊ ယင်းပြပွဲကို လာမယ့် အောက်တိုဘာလ ၁ ရက်မှာ စင်ကာပူစံတော်ချိန် ညနေ ၃ နာရီမှ ၅ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံ ကော်ဖီအသင်းရဲ့ Facebook စာမျက်နှာကလည်း တိုက်ရိုက်ထုတ်လွှင့် ပြသသွားမယ်လို့ မြန်မာ နိုင်ငံ ကော်ဖီအသင်းက ကြေညာထားပါတယ်။
ဆက်လက် ဖတ်ရှုရန် AMIA-Farmer Digital TV