ဆောင်းရာသီစိုက်စရိတ်ချေးငွေအတွက် ကျပ် ၃၆၇ ဘီလီယံလျာထား
ဆောင်းရာသီစိုက်ပျိုး စရိတ်ချေးငွေအတွက် ကျပ် ၃၆၇ဘီလီယံ လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်း သူက ပြောသည်။
ယခင်နှစ်ထက် အတိုးနှုန်း ၃ ရာခိုင်နှုန်းအထိ လျှော့ချထားသည့် ဆောင်းရာသီစိုက်စရိတ် ချေးငွေကို စပါးတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှင့် အခြားသီးနှံ ၂၂ မျိုးအတွက် တစ်ဧက ကျပ်တစ် သိန်းနှုန်းဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) မူရင်း ကို ဘဏ်၌ အပေါင်ထားကာ တောင်သူတစ်ဦးချင်း ကိုယ်တိုင် အာမခံသည့်မူအတိုင်း ထုတ်ချေးနေသည်။
‘‘အရင်နှစ်က ဆောင်းချေး ငွေ ကြွေးကျန်ကတော့ ဒီနှစ်ထဲကိုဗစ်ဖြစ်တဲ့အတွက် တချို့ တောင်သူတွေ လာဖို့ခက်ခဲတယ်။ ဒါပေမဲ့ ထုတ်ချေးပြီဆိုရင်တော့ အများကြီးလာကြမှာပါ။ တောင် သူ ၄၀ ရာခိုင်နှုန်းလောက် ကြွေး ကျန်နေတာ တွေ့ရပါတယ်။ ဒါလည်း အခုထုတ်ချေးနေတဲ့ ကာလအတွင်း ချေးငွေထပ်ယူကြ မှာဆိုတော့ အများကြီးတော့ သိပ် ကျန်စရာမရှိဘူး ’’ဟု ဦးမင်းသူက ပြောသည်။