ပြည်ပမှ ပြောင်းတင်သွင်းရန် ထပ်မံကြိုးပမ်းမှုနေမှုကြောင့် ပြည်တွင်းပြောင်းဈးကွက် စိုးရိမ်ရ
ပြည်တွင်းရှိ ပြည်တွင်းပြည်ပ ပူးပေါင်းရင်းနှီးမြှုပ်နှံမှုဖြင့် ပူးပေါင်းတည်ထောင်ထားသည့် စာစပ်စက်ရုံများမှ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ တစ်ဆင့် ထပ်မံကြိုးပမ်းမှု များရှိလာသည့်အတွက် မြန်မာ့ပြောင်း ဈေး ကွက်အတွက် စိုးရိမ်ရကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်း ပြည်တွင်း၌ ပြောင်း ရှားပါးချိန်တွင် ပြည်တွင်းရှိ အစာစပ်စက်ရုံ လုပ်ငန်းရှင်များမှ အစေ့ထုတ်ပြောင်းကို ပြည်ပမှ ပြန်လည်တင်သွင်းရန် တင်ပြခဲ့ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန် ကြီးဌာနမှ တင်ပြချက်နှင့် ပတ်သက်၍ တင်သွင်းသင့်/မသင့်ကို အသင်းထံသို့ သဘောထားမှတ်ချက် တောင်းခံ ခဲ့ရာ ပြောင်းစိုက်တောင်သူများအား ထိခိုက်နိုင်သည့်အတွက် မြန်မာနိုင်ငံသို ပြည်ပမှ ပြောင်းတင်သွင်းမှုကို ကန့်ကွက်ခဲ့ထားကြောင်း သိရသည်။
'' စီးပွားကူးသန်း ဝန်ကြီးဌာနက သဘောထားမှတ်ချက် တောင်းလို့ အသင်းက ကန့်ကွက်ခဲ့ပြီးပြီ။ အဲ့ဒါကို ဒုတိယအကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က တောင်းဆိုလာတယ်။ ကျွန်တော်တို့ကလည်း ထပ်ကန့် ကွက်ထားပါတယ်။ တင်သွင်းခွင့်ပြုလိုက်ရင် ပြောင်းထုတ်လုပ်မှူ ဖြစ်စဉ်တွေ ယုတ်လျော့ပျက်စီးနိုင်တယ် ကိုယ်တိုင်စိုက်ပျိုးနေတဲ့ တောင်သူတွေ အရောင်းအဝယ် ပြုလုပ်နေတဲ့ ကုန်သည်တွေ ထိခိုက်နိုင်မယ်။ တွက် ခြေ ကိုက်နေတဲ့ ဈေးကွက်ပါ ပျက်စီးသွားမယ်'' ဟု အဆိုပါအသင်း အတွင်းရေးမှုး ဦးသန့်ဇင်ထွန်းက ပြော သည်။
ပြည်ပမှ ပြောင်းတင်သွင်းခွင့် ပြုလိုက်ပါက မြန်မာနိုင်ငံတွင် အဓိက ပြောင်းစိုက်ပျိုးသည့် ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ကယားပြည်နယ်များရှိ ပြောင်းစိုက်တောင်သူများ အနေဖြင့် ပိုမိုထိခိုက်နိုင်သည်။ ထို့ပြင် ပြည်ပမှတင်သွင်းခွင့်ကို စိုက်ပျိုးရေးဦးစီးဌာနမှလည်း ကန့်ကွက်ထားကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် AMIA-Farmar Digital TV