ဘင်္ဂလားဒေ့ရှ်က ဆန်တန်ချိန် တစ်သိန်းဝယ်ယူရန် ဆန်စပါးအသင်းချုပ်နှင့် ညှိနှိုင်း
COVID-19 ကာလအ တွင်း ပြည်တွင်းစားနပ်ရိက္ခာ လို အပ်ချက်ကြောင့် နှစ်နိုင်ငံအစိုးရ ချင်း သဘောတူညီမှုဖြင့် ဒုတိယ အကြိမ် ဆန်တန်ချိန်တစ်သိန်း ဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်အစိုးရ က မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်နှင့် ညှိနှိုင်းနေသည်။
စိုက်ပျိုးသီးနှံ ပျက်စီးမှုကြုံ တွေ့ခဲ့သော ဘင်္ဂလားဒေ့ရှ်က ဆန်ဝယ်ယူရန် ညှိနှိုင်းနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူဦးခင်မောင်လွင်က ပြော သည်။
လက်ရှိတွင် ဆန်ဝယ်ယူရေး သည် ညှိနှိုင်းဆဲအဆင့်တွင်သာ ရှိနေပြီး အရောင်းအဝယ်စာချုပ် ချုပ်ဆိုသည့်အဆင့်သို့ မရောက် သေးကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်း အောင်က ပြောသည်။
လူဦးရေသန်း ၁၆၀ ကျော်ရှိ သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်တွင်းစားနပ်ရိက္ခာ အခက် အခဲဖြေရှင်းရန် ဆန်တစ်တန် လျှင် ၄၈၅ ဒေါ်လာဈေးဖြင့်မြန်မာ ဆန်တန်ချိန် တစ်သိန်းဝယ်ယူ တင်သွင်းမည်ဟု ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးဌာနအတွင်း ဝန်က နိုင်ငံတကာမီဒီယာအချို့ ကို ပြောကြားထားသည်။
ဆန်ဝယ်ယူရေးသဘောတူ ညီမှုကို မကြာမီ လက်မှတ်ရေးထိုး မည်ဖြစ်ပြီး ဧပြီမတိုင်ခင်ပထမအ သုတ်တင်သွင်းသွားရန် ဘင်္ဂလား ဒေ့ရှ်အစိုးရက စီစဉ်ထားသည်။