top of page

မိုးစပါးအထွက်နည်းသောကြောင့် စပါးဈေးတက်

မိုးစပါး အထွက်နှုန်း နည်းသောကြောင့် ပြည်တွင်းဈေး ကွက်၌ နိုဝင်ဘာ ၁၅ ရက်တွင်   စပါးတင်း ၁၀၀ လျှင် ကျပ်ခြောက် သိန်းဝန်းကျင် ဈေးဖွင့်ကြောင်း  ဆန်စက်ပိုင်ရှင်အချို့က ပြော သည်။


တရုတ်နိုင်ငံမှ ဆန်ကွဲနှင့်ဆန်ဝယ်လိုအား များနေသလို ရာသီဥတုနှင့် ပိုးမွှားရောဂါ ကြောင့် ပြည်တွင်းစပါးအထွက်  လျော့နည်းသဖြင့် ဈေးနှုန်းမြင့် တက်ခြင်းဖြစ်ကြောင်း  မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟို အလုပ်အမှုဆောင် ဦးမျိုးသူရ အေးက ပြောသည်။


ပြီးခဲ့သည့်နှစ်က တရုတ်သမ္မတ မြန်မာနိုင်ငံသို့ အလည် အပတ်ခရီးစဉ်အပြီး တရားဝင်  လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ဆန် ကွဲ အရောင်းအဝယ်စာချုပ်အရ  တရုတ်နိုင်ငံသို့ ဆန်ကွဲတင်ပို့မှု  တိုးတက်လာသည်။ ထို့အပြင် ကုမ္ပဏီ ၄၃ ခုမှ တရားဝင် ဆန်တင်ပို့ခွင့်ရရှိခဲ့ခြင်းနှင့် နယ်စပ်တွင် ယူနန်အစိုးရ၏ ဆန်တင်သွင်းပါမစ်များ တိုးမြှင့်ချထားပေးခြင်း တို့ကလည်း  ယခုနှစ်မိုးစပါးပေါ် ချိန် စပါးဈေးမြင့်တက်ရန် တွန်း အားဖြစ်စေသည်ဟု ဦးမျိုးသူရ အေးက ပြောသည်။


ဆက်လက်ဖတ်ရှုရန် 7Day News

12 views0 comments

Recent Posts

See All

The Urad (FAQ) price has reached over MMK1.3 million per ton while there is a low supply at farmers and wholesales. Despite the price hike, there are only a few activities in the market, according to

bottom of page