မြန်မာ့ပဲ ပြည်ပဝယ်လိုအား တက်နေသော်လည်း နိုင်ငံတကာ ပေါက်ဈေးထက် လျော့နည်းရရှိနေ
ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းကို ပြည်ပဝယ်လိုအားကြောင့် ဈေးအတက်ဘက်သို့ ဦးတည်နေသော်လည်း ပြည် တွင်း ဈေးကွက်မှာ ဈေးနှုန်းရရှိမှုမှာ ပြည်ပ ပေါက်ဈေးထက် တစ်တန်လျှင် ပျှမ်းမျှ ကန်ဒေါ်လာ ၅၀ မှ ၁၅၀ ကြား ဈေးကွာဟနေကြောင်း ပဲကုန်သည်က ပြောဆိုကြသည်။
လက်ရှိ နိုင်ငံတကာ ပေါက်ဈေးအရ မတ်ပဲနှင့် ပဲတီစိမ်းမှာ နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးအပေါ် မူတည်ကာ ဈေးတက်ပါက ရန်ကုန်ဈေးကွက်တွင်ပါ လိုက်ပါမြင့်တက်လာသော်လည်း တစ်တန်လျှင် ကန်ဒေါ်လာ ပျှမ်းမျှ ၅၀ မှ ၁၅၀ ကြား ဈေးလျော့နည်း ရရှိနေကြောင်း သိရသည်။
ရန်ကုန်၊ ဘုရင့်နောင်ရှိ ဝင်းပွဲရုံပိုင်ရှင် ဦးရဲမြင့်က “ နိုင်ငံတကာ ဈေးနဲ့ ယှဉ်ပြီးရမယ် ဆိုရင်တော့ အမြဲတမ်း ဈေး ကွာတတ်တယ်။ အထူးသဖြင့် အန္ဒိယ ကုန်သည်တွေက ဈေးကစားတတ်တာလည်း ပါမှာပါ။ နောက် ပြည်ပ ဈေးကွက် ရောင်းရာမှာ ရန်ကုန်ဈေးကိုပဲ စောင့်ကြည့်ကြတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံမှ ပဲများကို ပြည်ပကို တင်ပို့ရာတွင် စင်္ကာပူနိုင်ငံမှ တစ်ဆင့် တင်ပို့ကြခြင်းကြောင့် စင်္ကာပူ ကုမ္ပဏီများမှ ပွဲစားခ၊ ဆိပ်ကမ်းကပ်ခ စသဖြင့် ဝန်ဆောင်ခ ယူကြပြီး၊ ထိုမှတစ်ဆင့် အိန္ဒိယ ဆိပ်ကမ်းများကို နိုင်ငံအတွင်း ပဲတင်ပို့နေသည့် ကုမ္ပဏီ တစ်ထောင်ကျော် ရှိကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံမှ ဝယ်လိုအား များလာခြင်းကြောင့် ပဲတီစိမ်းများ အတက်ဘက်သို့ ဦးတည်နေပြီး ပွဲ စား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) ထံမှ သတင်းရရှိသည်။