သီးနှံထွက် ဝင်ငွေတိုးစေသည့် Polytunnel စနစ်ကို တိုးမြှင့်စိုက်ပျိုးရန် GIZ တိုက်တွန်း

အမိုးအကာအောက်တွင် စိုက်ပျိုးရသည့် Polytunnel greenhouse စနစ်သည် စိုက်ပျိုးထုတ်လုပ်သူများအတွက် ဝင်ငွေတိုးတက်လာစေနိုင်ပြီးမြန်မာနိုင်ငံအတွက်လည်း သင့်တော်သောကြောင့် တိုးမြှင့်စိုက်ပျိုးသင့်ကြောင်း Fresh Studio မှ R&D Director Crops ဖြစ်သူ Mr.Rene က ပြောသည်။


GIZ မှ စီစဉ်သည့် Feasibility of poly tunnel farming Shan State ဆွေးနွေးပွဲတွင် ၎င်းက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဂျာမနီနိုင်ငံအခြေစိုက် Deutsche Gesellschaft fürIn ternationaleZusa mmenarbeit(GIZ)အဖွဲ့အစည်းသည် မြန်မာနိုင်ငံရှိနေရာရှစ်ခုတွင် ယူရို ၁၃၈ သန်းပမာဏ ရှိစီမံကိန်း ၂၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး စီးပွားရေး၊ အရည်အသွေးမြှင့်တင်ခြင်း၊အစားအစာနှင့် အာဟာရ၊ စွမ်းအင်ကဏ္ဍနှင့် ရာသီဥတုပြောင်းလဲခြင်းစသည့် ကဏ္ဍလေးခုကို ဆောင်ရွက်နေသည်။


Green House ဟုခေါ်ဆိုကြသည့် Polytunnel အမိုးအကာအောက်တွင်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်း အခွင့်အလမ်းများအပေါ် လေ့လာဆန်းစစ်ချက်အရ အကျိုးရလာဒ်အနေနှင့် စိုက်ပျိုးတောင်သူများအတွက်သမရိုးကျ စိုက်ပျိုးထုတ်လုပ်မှုထက်ဝင်ငွေပိုတိုးကြောင်း ၎င်းက ပြောသည်။တောင်သူများလက်ရှိသုံးနေသော လုပ်ငန်းပုံစံအရ စိုက်ဧက တစ်ဧက၏ ၁၃ ရာခိုင်နှုန်း မြေပေါ်တွင်သာ Polytunnel Greenhouse ဖြင့် ပြောင်းလဲဆောင်ရွက်ခဲ့ရာ ၎င်းတို့ ဝင်ငွေသည် ၃ ဒသမ ၇၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း စစ်တမ်းအရ သိရသည်။


Read more at Myanmar Times



10 views0 comments

Recent Posts

See All

ဘင်္ဂလားဒေ့ရှ်က ဆန်တန်ချိန် တစ်သိန်းဝယ်ယူရန် ဆန်စပါးအသင်းချုပ်နှင့် ညှိနှိုင်း

COVID-19 ကာလအ တွင်း ပြည်တွင်းစားနပ်ရိက္ခာ လို အပ်ချက်ကြောင့် နှစ်နိုင်ငံအစိုးရ ချင်း သဘောတူညီမှုဖြင့် ဒုတိယ အကြိမ် ဆန်တန်ချိန်တစ်သိန်း ဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်အစိုးရ က မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်နှ

တရုတ်နှစ်သစ်ကူးမတိုင်မီ ကုန်သည်များကြိုပြန်ကြ၍နယ်စပ် ဖရဲ၊ သခွားမွှေး ဝယ်လိုအား လျော့ကျဖွယ်ရှိ

တရုတ်နှစ်သစ်ကူးကာလ မတိုင်မီ Quarantine ဝင်ရမည် ဖြစ်သောကြောင့် တရုတ်-မြန်မာ နယ်စပ်ရှိတရုတ်ကုန်သည်များ ကြိုပြန်ကြရာဝယ်လိုအား လျော့ကျဖွယ် ရှိကြောင်းဖရဲ၊ သခွား တင်ပို့ရောင်းချသည့်လုပ်ငန်းရှင်များက ပြောသည်

ပြည်ပနိုင်ငံများမှ မြန်မာ့ပြောင်း ဝယ်ယူရန် ကမ်းလှမ်းမှုများ မြင့်တက်လာ

ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းများကို ပြည်ပနိုင်ငံများမှ ဝယ်ယူရန် ကမ်းလှမ်းမှုများ မြင့်တက်နေ ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းမှ သိရသည်။ ယင်းသို့ ဝယ်ယူရန် ကမ်းလှမ်းမှုများ မြင့်တ