ဟားခါးမြို့တွင် ချင်းတောင်ယာဆပ်နီကို နည်းစနစ်သစ်ဖြင့် ပထမဆုံး စမ်းသပ်စိုက်ပျိုး
ချင်းပြည်နယ်တောင်ပိုင်းတွင်သာ အများဆုံးစိုက်ပျိုးလေ့ရှိသော ချင်းရိုးရာအစားအစာတစ်ခုဖြစ်သည့် ချင်းတောင်ယာစိုက်ပျိုးသီးနှံ ဆပ်နီကိုချင်းပြည်နယ်မြို့တော်ဟားခါးတွင် နည်းစနစ်သစ်ဖြင့် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း ဟားခါးမြို့နယ်စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တောင်ယာစိုက်သီးနှံဆပ်နီကို ချင်းပြည်နယ်တွင် ရိုးရာခေါင်ရည်အဖြစ်သာအများဆုံးထုတ်လုပ်ရောင်းချလျက်ရှိသော်လည်း ပြည်သူအများနေ့စဉ်စားသုံးနေသည့်ဆန်စပါးထက် အဟာရပိုမိုမြင့်မားမှုရှိပြီး ဆပ်နီအား အမြဲစားသုံးသူများသည် ကျန်းမာရေးနှင့်သင့်လျော်ကြောင်း ဒေသခံဦးလှန်ကိန်းက ပြောသည်။