ဧရာဝတီနှင့် ပဲခူးတိုင်းမြို့နယ်ခုနစ်ခုတွင် စနစ်ကျလယ်မြေဆောင်ရွက်ရန် ဖိတ်ခေါ်
ဧရာဝတီနှင့် ပဲခူးတိုင်း ရှိ မြို့နယ်ခုနစ်ခုတွင် စက်မှုလယ်ယာစနစ်ကျလယ်မြေအကောင် အထည်ဖော်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက မြန်မာနိုင်ငံသားလုပ်ငန်း ရှင်များအား ဖိတ်ခေါ်သည်။
သက်ဆိုင်ရာ အစိုးရအဖွဲ့ များ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင် ရွက်မည့် စက်မှုလယ်ယာစနစ်ကျ လယ်မြေများကို ဧရာဝတီတိုင်း ဟင်္သာတ မြို့နယ်တွင် ဧက ၁၅၀ နှင့် မော်လမြိုင်ကျွန်းမြို့နယ်၌ ဧက ၂၀၀ စုစုပေါင်း ဧက ၃၅၀ ရှိမည်ဟု စက်မှုလယ်ယာဦးစီး အရာရှိ ဦးကျော်ဟိန်းက ဆို သည်။
ပဲခူးတိုင်း ရေတာရှည်၊ သာယာဝတီ၊ မင်းလှ၊ အုတ်ဖိုနှင့် ပေါင်းတည်မြို့များတွင် အနည်း ဆုံး ဧက ၃၀၀ ထက်မနည်း အကောင်အထည်ဖော်မည်ဖြစ် သည်။
အိတ်ဖွင့်တင်ဒါပုံစံများကို နိုဝင်ဘာ ၁၁ ရက်တွင် စတင် ထုတ်ပေးပြီး ဒီဇင်ဘာ ၁၁ ရက် နောက်ဆုံး ပြန်လည်တင်သွင်းရ မည်ဖြစ်သည်။
မူလစိုက်ပျိုးနေသော လယ်ယာမြေများကို ပုံစံတကျ အကွက် ဖော်ကာ ကုန်ထုတ်လမ်း၊ ရေသွင်း မြောင်းတို့ပါရှိမည်ဖြစ်ပြီး မိုးသီး နှံ၊ ဆောင်းသီးနှံနှင့် နွေသီးနှံ အစရှိ၍ ၁၂ ရာသီစိုက်ပျိုးနိုင်ပြီး စက် ကိရိယာများ ရာနှုန်းပြည့် အသုံးပြုနိုင်ရန် ရည်ရွယ်၍ စက်မှုလယ် ယာစနစ်ကျ လယ်မြေဧကများကို တစ်နိုင်ငံလုံးအနှံ့ အကောင်ထည် ဖော်နေကြောင်း ဒုဝန်ကြီး ဦးလှ ကျော်က ပြောထားသည်။