CERP လုပ်ငန်းစီမံကိန်းများ၏ ဆောင်ရွက်နိုင်မှုနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ MASTER PLAN ရေးဆွဲရေး
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေး လုပ်ငန်းများအပြင် လက်ရှိ ကြုံတွေ့ နေရသည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် လယ်ယာကုန်ထုတ်လုပ်မှု လျော့ကျခြင်း မဖြစ်ပေါ်စေရန်နှင့် တောင်သူလယ်သမားများ အပါအဝင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ခံရမှုသက်သာစေရန် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်နည်းတူ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များတွင် လည်း ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP) နှင့် ချိတ်ဆက်၍ စားနပ်ရိက္ခာဖူလုံရေး၊ သိုလှောင်ရေးနှင့် ပြည်ပသို့တင်ပို့ရေး အစီအမံများပါဝင်သည့် Master Plan ရေးဆွဲရေးတို့ကို ဌာနအားလုံး ပူးပေါင်းပါဝင်ကြရန် ကိစ္စရပ်များကို ပြောကြားသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး ရုန်းထွက် နိုင်ရေးအတွက် ကာလတို စီမံချက်ဖြစ်သည့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP)တွင် စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှု မလျော့ကျစေရေး လုပ်ငန်းများအဖြစ် (CERP-၂.၁.၇(ခ))အရ စပါးမျိုးစေ့ထုတ်လုပ်ငန်း ဧက(တစ်သိန်း)အတွက် ငွေကျပ်သန်း (၁၄၉၁၁ ဒဿမ ၃၃)၊ ကျေးရွာ မ,တည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ(၁၇၀၀)အတွက် ငွေကျပ်သန်း(၄၂,၀၀၀)၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သော မျိုးငါးနှင့် ငါးသားပေါက်များ ဖြန့်ဖြူးခြင်းကို ငါးမွေးကန်ဧက (၁၅၀,၀၀၀)အတွက် ငွေကျပ်သန်း (၆,၀၀၀)၊ လယ်ယာသုံး စက်ကိရိယာ ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် ငွေကျပ်သန်း (၁၂၅၆ ဒဿမ ၈၅)၊ ဝင်ငွေရရှိစေမည့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်၍ Cash For Work(CFW) စီမံကိန်းကို ကျေးရွာ (၂၄၈၈)ရွာ အတွက် ငွေကျပ်သန်း (၂၅,၀၀၀)၊ မြို့နယ်(၁၀၀)၌ ငွေကျပ်သန်း (၁,၄၄၀) အသုံးပြု၍ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည် ဖော်ဆောင်ခြင်း လုပ်ငန်းများ၊ ငွေကျပ်သန်း (၆၀ ဒဿမ ၇၇) အသုံးပြု၍ ရေလုပ်သားများ ပင်လယ်ပြင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်လုံခြုံရေး သင်တန်းများကို လည်းကောင်း၊ လက်တံမြောင်း၊ လက်ခွဲမြောင်း၊ ရေနုတ်မြောင်းများ၊ ရေငန်တားတာများ ပြုပြင်ခြင်းအတွက် ငွေကျပ်သန်း (၁၁၃၈ ဒဿမ ၈၁) ၊ လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ အတွက် ငွေကျပ်သန်း (၂၀၄) ဖြင့် လည်းကောင်း၊ ငွေကျပ်သန်း (၆၀၀ ဒဿမ ၂၁) အသုံးပြု၍ သင်တန်းသား (၉၀၀၀)အတွက် အလုပ်အကိုင်ဆိုင်ရာ သင်တန်းများ Cash For Job Training သင်တန်းအကြိမ်ရေ (၃၀၀) တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ဆောင်ရွက်ခဲ့။
Source: MDN