top of page

Farmers throw away their crops due to lack of demands


Farmers in Shan State are throwing away the agricultural produces due to plummeted prices plummeted and no demand after the transportation of goods was halted by the COVID-19 third wave and military coup this year.


“We grow tomatoes, which is now quoted at very low prices. As low as K100 per viss. Wholesale dealers are not buying (tomatoes) anymore. Before the prices were remunerative but have plummeted now,” Khun Tun, a tomato grower from Kalaw City, Shan State, said.

Moreover, farmers are reducing plantation acreage due to the political situation and are also in debt while it becomes difficult for them to invest in agriculture.


“The stock left from the previous year is not even sold out yet. This year we grow less acreage, unlike the previous year. One of the reasons is we do not have the capital to invest and are in debt,” said Lon Nyi, rice and garlic grower from Poninn.


The farmers also had to throw away crops such as tomatoes and cabbages during the second wave of COVID-19 in 2020 due to lower prices and delayed transportation.

တောင်သူများ လယ်ယာသီးနှံ ရောင်းမထွက် စွန့်ပစ်နေရ


ယခုနှစ်ကာလအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ဒဏ် နှင့် စစ်အာဏာသိမ်းဒဏ်ကြောင့် ကုန်စည်စီဆင်းမှုရပ်တန့်သွား သဖြင့် လယ်ယာစိုက်ပျိုးရေး သီးနှံများလည်း ကုန်စျေးနှုန်း အရှိန်ဟုန်ထိုးကျဆင်းကာ ရောင်းမထွက်ကြောင်း၊ စွန့်ပစ်နေရကြောင်း ကလောမြို့နယ် တောင်သူတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။


“ ကျနော်တို့က ခရမ်းချဉ်သီးစိုက်တာ။ အခုဆိုဈေးမရှိဘူး။ တပိဿာကို ၁ရာကျပ်နဲ့ပဲ ရောင်းချရတယ်။ ပွဲရုံတွေလည်း မဝယ်တော့ဘူး။ အရင်ကတော့ ဈေးကောင်းရသေးတယ်။ အခုက အရမ်းကို ဈေးက ကျလာတယ်” ဟု ကလောမြို့ ခရမ်းချဉ်သီးစိုက်ပျိုးသူ ခွန်ထွန်းက ပြောသည်။


ထိုအပြင် ယခုနှစ်အတွင်း နိုင်ငံရေး အခြေအနေ ကြောင့် တောင်သူများသည် ယခင်ထက် စိုက်ပျိုးရေးလုပ်ငန်းများကို လျော့ချလုပ်ကိုင်လာခဲ့ရကြောင်း၊ စိုက်ပျိုးရေးအတွက် ရင်းနှီးမြုပ်နှံမှု ခက်ခဲလာသည့် အပြင် အကြွေးများလည်း တင်နေကြောင်း သိရသည်။


“ အရင်နှစ်ကဟာတောင်အကုန်မရောင်းထွက်ဘူး။ ဒီနှစ်တော့ ကျနော်တို့ နည်းနည်းပဲစိုက်ပျိုးတော့တယ်။ အရင်နှစ်လို့ အများမစိုက်ပျိုးတော့ဘူး။ အရင်းမရှိတော့တာလည်းပါတယ်။ ပြီးတော့ ကျနော်တို့က အကြွေးတွေလဲတင်နေရတယ်” ဟု ပုံအင်းဒေသက စပါး၊နှင့် ကြက်သွန်ဖြူစိုက်ပျိုးသူ လုံညှိက ပြောသည်။

ယခင်နှစ် ၂၀၂၀ ကိုဗစ် ၁၉ ဒုတိယလှိုင်းတွင်လည်း တောင်သူလယ်သမားများ၏ ကုန်စည်စီးဆင်းမှုကြန်ကြားခြင်း၊ စျေးနှုန်းမရှိခြင်းကြောင့် ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုတ်များ စသည့် သီးနှံများကိုလဲ စွန့်ပစ်ခဲ့ကြကြောင်းသိရသည်။

15 views0 comments

Recent Posts

See All

The Urad (FAQ) price has reached over MMK1.3 million per ton while there is a low supply at farmers and wholesales. Despite the price hike, there are only a few activities in the market, according to

bottom of page