top of page

Watermelon farmers should focus local market: Traders

Traders at Muse Wholesale near the Myanmar-Chia border suggested the watermelon growers should target the local market as the Muse transportation route completely stopped and is estimated to last at least six months.
“We don’t know when the border gates will be opened given the situation of the Myanmar-China border situation. China’s block of border grate can last two to three months or maybe a year. There is no certainty regarding the border gate being reopened and trade has stooped completely. Watermelon and cucumber growers should target the local market and grow the crops with careful consideration. The fruits can be exported only when the border gate, fortunately, reopen,” said U Sai Khin Maung, Owner of Khar Nyo wholesale shop.
Kyint San Kyawt gate, the main gate to China from Muse, was closed in early July and trading between the two countries stopped. Then on August 3, officials of Shweli City announced that the border gates will remain closed for two months except for medical supplies.


တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားမှုခြောက်လခန့်ကြာမြင့်နိုင်သဖြင့် မိုးဖရဲစိုက်ပျိုးမှုကို ပြည်တွင်းစျေးကွက်အတွက်သာ ရည်ရွယ်စိုက်ပျိုးရန် မူဆယ်ပွဲရုံ ကုန်သည်ကြီးများ အကြံပြု *************************************************** တရုတ်နိုင်ငံ၏ နယ်စပ်ဂိတ်များကို ပိတ်ထားမှုကြောင့် မိုးဖရဲစိုက်ပျိုးမှုကို ပြည်တွင်းစျေးကွက်အတွက်သာ ရည်ရွယ်စိုက်ပျိုးသင့်ကြောင်း မူဆယ်ပွဲရုံ ကုန်သည်ကြီးများက အကြံပြုထားပြီး၊ လက်ရှိအချိန်တွင် မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းမှာ လုံးဝ ရပ်ဆိုင်းနေပြီး အနည်းဆုံး ခြောက်လခန့်ကြာမြင့်နိုင်ကြောင်း သိရသည်။ “ လက်ရှိ တရုတ်နယ်စပ်အခြေအနေတွေအရ ဘယ်အချိန်ဖွင့်မယ်ဆိုတာ မသိရဘူး။ တရုတ်ဘက်က ပိတ်တာက နှစ်လသုံးလလောက်လည်း ဖြစ်နိုင်သလို နှစ်ချီပြီးလည်း ကြာသွားနိုင်တယ်။အခုချိန်အထိ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့အခြေအနေက ဘာမှ သေချာမှုမရှိသလို ကုန်သွယ်ရေးက လုံးဝ ရပ်တန့်သွားပါပြီ။ ဖရဲ၊ သခွားစိုက်တောင်သူတွေအတွက်တော့ ပြည်တွင်းစျေးကွက်ကိုသာ အားထားပြီး ချင့်ချိန်စိုက်ပျိုးပါ။ ကံကောင်းလို့ နယ်စပ်ဂိတ် ပြန်ဖွင့်တာမြန်ရင်တော့ အသီးတွေ ပြန်တင်ပို့နိုင်မှာပါ” ဟု ခွာညိုပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။
တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ အဓိကဝင်ထွက်နေသည့် ကျင်စန်းကျော့ဂိတ်ကို ဇူလိုင်လဆန်းပိုင်းတွင် စတင်ပိတ်လိုက်ပြီး ကုန်သွယ်မှု ရပ်တန့်သွားခဲ့ရာ သြဂုတ်လ ၃ ရက်တွင် ရွှေလီမြို့ အုပ်ချုပ်ရေးတာဝန်ရှိသူများက အရေးကြီးဆေးဝါးပစ္စည်းမှလွဲ၍ နယ်စပ်ဂိတ်များကို နှစ်လကြာပိတ်ထားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည် ဟု သိရသည်။
10 views0 comments

Recent Posts

See All
bottom of page