တရုတ်နှစ်သစ်ကူးမတိုင်မီ ကုန်သည်များကြိုပြန်ကြ၍နယ်စပ် ဖရဲ၊ သခွားမွှေး ဝယ်လိုအား လျော့ကျဖွယ်ရှိ
တရုတ်နှစ်သစ်ကူးကာလ မတိုင်မီ Quarantine ဝင်ရမည် ဖြစ်သောကြောင့် တရုတ်-မြန်မာ နယ်စပ်ရှိတရုတ်ကုန်သည်များ ကြိုပြန်ကြရာဝယ်လိုအား လျော့ကျဖွယ် ရှိကြောင်းဖရဲ၊ သခွား တင်ပို့ရောင်းချသည့်လုပ်ငန်းရှင်များက ပြောသည်။
''အရောင်းအဝယ်နဲ့ ပတ်သက်ပြီးအကျိုးသက်ရောက်မှု အများကြီးရှိတယ်။ ခါတိုင်းဆို ရက်နီးမှပြီးပြန်တာ၊အခုက ကြိုပြီးပြန်ကြတယ်။ ဝယ်လိုအားက တဖြည်းဖြည်းလျော့သွားမှာ။အဲဒီတော့ ဈေးတန်းမှာလျော့သွားမယ်။တစ်ခုတော့ရှိတယ်။ သူတို့စားသုံးမှုကဒီနှစ်သစ်ကူးမှာ များတယ်ဆိုရင်ကိုယ်စားလှယ်နဲ့ မှာကြရင်တော့ တစ်မျိုးဖြစ်သွားမယ်''ဟု မူဆယ်(၁ဝ၅) မိုင်အခြေစိုက် ခွာညို သစ်သီးပွဲရုံပိုင်ရှင်က ဆိုသည်။ ဆက်လက်ဖတ်ရှုရန်