ပြည်တွင်းသကြားလက်ကျန် များနေ၍ လာမည့်နှစ်အထိ အကျဈေးဖြင့် ဦးတည်နေ
Sep 14
COVID-၁၉ ရိုက်ခတ်မှုကြောင့် ယခုနှစ် ပြည်တွင်းသကြားတန်ချိန် အများအပြားကျန်ရှိနေပြီး လာမည့်နှစ် ကြံနှင့် သကြားဈေးကွက်အထိ အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးဝင်းဌေးက ပြောသည်။
သကြားလက်ကျန်များမှုကြောင့် ပြည်တွင်းသကြားဈေးမှာလည်း ၁ဝ နှစ်အတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိခဲ့သည်။
ပြည်တွင်းသကြားထုတ်သည့် စက်ရုံအများအပြားနှင့် လုပ်ငန်းရှင် များထံ သကြားလက်ကျန် တန်ချိန်တစ်သိန်းခွဲမှ နှစ်သိန်းအထိကျန်ရှိ နိုင်ပြီး သကြားတစ်ပိဿာဈေးမှာလည်း ကျပ် ၈၄ဝ မှ ကျပ် ၈၆ဝ ကြား ရှိနေကြောင်း၊ COVID-၁၉ ကပ်ရောဂါအခြေအနေကြောင့်လည်း သကြားသုံးစွဲမှုများစွာ လျော့ကျသွားသည့် အခြေအနေမျိုး တွေ့ကြုံ နေရပြီး သကြားလက်ကျန်များနေခြင်းဖြစ်သည်
Source: Myanmar Times