ဘဂ်လားဒေရှ့်မှ ကြက်သွန်နီ အလုံးအရင်းဖြင့် ဝယ်ယူနေသော်လည်း ပြည်တွင်း၌ ကြက်သွန်လက် ကျန်များနိုင်
ယခုလ ၁၅ ရက်နေ့မှ စတင်ကာ ဘဂ်လားဒေရှ့်နိုင်ငံမှ ကြက်သွန်နီများကို အလုံးအရင်းဖြင့် ဝယ်ယူလာသော် လည်း ပြည်တွင်း၌ ကြက်သွန်နီ လက်ကျန်များနိုင်ကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းများက ဘဂ်လားဒရှ့်နိုင်ငံမှ ကြက်သွန်နီ ဝယ်ယူမှုကြောင့် ကြက်သွန်နီဈေး ရုတ်တရက် မြင့် တက်သွားခဲ့သည်။
" ပြည်တွင်းမှာ ကြက်သွန် လက်ကျန်က များနိုင်တယ်။ အခုက ဘဂ်လားဒေရှ့်ကပဲ ဝယ်သေးတာ။ တရုတ် ဘက်ကို စောင့်ကြည့်ရဦးမယ်။ တရုတ်က အဝယ်နားရင် လက်ကျန်များဦးမယ် " ဟု ကြက်သွန်ကုန်သည် ဦး စိုးဝင်းက ပြောသည်။
ပြီးခဲ့သည့် အပတ်က တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် တစ်ပါတ်ကြာ LockDown စတင်ပြုလုပ်လိုက်သည့် အတွက် တရုတ်ဘက်မှ ဝယ်ယူမှု နည်းပါးခဲ့ကြောင်း သိရသည်။
ထိုအချိန်တွင် ဘဂ်လားဒေရှ့်ဘက်မှ ဝယ်ယူမှု မြင့်တက်ခဲ့သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြက် သွန်နီ တောဈေး (တောင်သူဈေး) တစ်ပိဿာလျှင် ၄၀၀၊ ၄၅၀ ကျပ်မှ ၅၀၀၊ ၅၅၀ ကျပ်အထိ ရုတ်တရက် ဈေး မြင့်တက်သွားခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် AMIA-Farmer Digital TV