အရေးကြီးကုန်စည်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် စီးပွား/ကူးသန်း ထပ်မံသတိပေး
13 SEP 2020
ကိုဗစ်နိုင်တင်းကာလအတွင်း အရေးကြီးကုန်စည်များကို ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုလုပ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်တွင် ထပ်မံသတိပေးကြေညာခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်မတ်တွင် ကိုဗစ်နိုင်တင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်၍ ဈေးကစားခြင်းမပြုလုပ်ရန် တားမြစ်ခဲ့သည်။
အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် ကျန်းမာရေးပစ္စည်းများ ဖြစ်သင့်သည့်ဈေးထက် ဈေးမြင့်ရောင်းချမှုများအား စစ်ဆေးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဟုဆိုသည်။
Source: Myanmar Times