top of page

သီးနှံထွက် ဝင်ငွေတိုးစေသည့် Polytunnel စနစ်ကို တိုးမြှင့်စိုက်ပျိုးရန် GIZ တိုက်တွန်း

အမိုးအကာအောက်တွင် စိုက်ပျိုးရသည့် Polytunnel greenhouse စနစ်သည် စိုက်ပျိုးထုတ်လုပ်သူများအတွက် ဝင်ငွေတိုးတက်လာစေနိုင်ပြီးမြန်မာနိုင်ငံအတွက်လည်း သင့်တော်သောကြောင့် တိုးမြှင့်စိုက်ပျိုးသင့်ကြောင်း Fresh Studio မှ R&D Director Crops ဖြစ်သူ Mr.Rene က ပြောသည်။


GIZ မှ စီစဉ်သည့် Feasibility of poly tunnel farming Shan State ဆွေးနွေးပွဲတွင် ၎င်းက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဂျာမနီနိုင်ငံအခြေစိုက် Deutsche Gesellschaft fürIn ternationaleZusa mmenarbeit(GIZ)အဖွဲ့အစည်းသည် မြန်မာနိုင်ငံရှိနေရာရှစ်ခုတွင် ယူရို ၁၃၈ သန်းပမာဏ ရှိစီမံကိန်း ၂၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး စီးပွားရေး၊ အရည်အသွေးမြှင့်တင်ခြင်း၊အစားအစာနှင့် အာဟာရ၊ စွမ်းအင်ကဏ္ဍနှင့် ရာသီဥတုပြောင်းလဲခြင်းစသည့် ကဏ္ဍလေးခုကို ဆောင်ရွက်နေသည်။


Green House ဟုခေါ်ဆိုကြသည့် Polytunnel အမိုးအကာအောက်တွင်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်း အခွင့်အလမ်းများအပေါ် လေ့လာဆန်းစစ်ချက်အရ အကျိုးရလာဒ်အနေနှင့် စိုက်ပျိုးတောင်သူများအတွက်သမရိုးကျ စိုက်ပျိုးထုတ်လုပ်မှုထက်ဝင်ငွေပိုတိုးကြောင်း ၎င်းက ပြောသည်။တောင်သူများလက်ရှိသုံးနေသော လုပ်ငန်းပုံစံအရ စိုက်ဧက တစ်ဧက၏ ၁၃ ရာခိုင်နှုန်း မြေပေါ်တွင်သာ Polytunnel Greenhouse ဖြင့် ပြောင်းလဲဆောင်ရွက်ခဲ့ရာ ၎င်းတို့ ဝင်ငွေသည် ၃ ဒသမ ၇၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း စစ်တမ်းအရ သိရသည်။


Read more at Myanmar Times



23 views0 comments

Recent Posts

See All
bottom of page