top of page

သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာဖြစ်တဲ့ ဆန်ကိုရွေးချယ်ဖို့ UNEP တံဆိပ် ထုတ်

Sep 15, 2020


ပတ်ဝန်းကျင်ကို မထိခိုက်ဘဲထုတ်လုပ်တဲ့ ဆန်တွေကို ထုပ်ပိုးတဲ့ အိတ်တွေမှာ တံဆိပ်ကပ် အသုံးပြုမယ့် သင်္ကေတ အမှတ်အသားဟာဆန် ထုတ်လုပ်မှုကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုကို လျှော့ချရာမှာ အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် ဆန်ထုတ်လုပ်ရေး (SRP) က ဒီကနေ့ ထုတ်ပြန်တဲ့ တံဆိပ် အမှတ် သင်္ကေတကို ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ စဉ်ဆက်မပြတ် နည်းပညာနဲ့ ထုတ်လုပ်တဲ့ ဆန်တွေ မှာ တံဆိပ်ကပ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။


ကမ္ဘာပေါ်မှာ လူပေါင်း ၃.၅ ဘီလီယံဟာ အသက်ရှင်ရပ်တည်ရေးအတွက် ဆန်ကို နေ့စဉ် မှီခိုနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆန်စိုက်ပျိုး ထုတ်လုပ်ဖို့ ကမ္ဘာ့ ရေချို အရင်းအမြစ်ရဲ့ ၃ ပုံ ၁ပုံကို သုံးစွဲနေကြရတာဖြစ်သလို ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ကမ္ဘာ့ မီသိန်း ဓါတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၂၀ ရာခိုင်နှုန်းကို ဆန်စိုက်ပျိုးမှုကနေ ထုတ်လွှတ်နေတာလည်း ဖြစ်ပါတယ်။


ဒါကြောင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (UNEP) က ထုတ်ပြန်တဲ့ တံဆိပ် သင်္ကေတ အမှတ်အသားကြောင့် စားသုံး သူတွေ အနေနဲ့ ဆန်ထုတ်လုပ်တဲ့ မူရင်း တိုင်းပြည်ကို သိရှိနိုင်မှာ ဖြစ်သလို လက်လီလက်ကား ရောင်းဝယ်သူတွေဟာလည်း အဲဒီ တံဆိပ် ကပ်ထားတဲ့ ဆန်တွေကို ပိုမို အသုံးပြုပြီး ဥတု ရာသီ ပြောင်းလဲမှုနဲ့ စဉ်ဆက်မပြတ် တိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်တွေကို သိသိသာသာ အထောက်အပံ့ပြုပေးနိုင်မှာ ဖြစ် ပါတယ်။


Source: VOA

7 views0 comments

Recent Posts

See All
bottom of page